ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၂)ဗောတံတားအနီး၌ ဆီသယ်လှေ အပါအဝင် လှေ ၄ စီး မီးလောင် ဆုံးရှုံးမှု မတ် ၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသည် လာမည့်နှစ်အတွင်း တိုးပွား လာမည့် လူဦးရေများအတွက် နိုင်ငံ၏စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမို တိုးတက် တင်ပို့ ရောင်းချ နိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံ မှ အရှိန်အဟုန် မြှင့်တင် အားပေး ဆောင်ရွက်ကြရမည်...
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ကျပ် သိန်း ၈၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) ယခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက် အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ကာလ အတွင်း ဆေးရုံ တက်ရောက်၍ ဆေးဝါး ကုသမှု ခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှု မရှိစေရန်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် တောင်ဘက်ရှိ သနပ္ပင်ကျေးရွာသို့ ဆက်သွယ်သော မှော်ဝန်းချောင်း ကို တံတားဦးစီးဌာနမှ တံတားအတွက်လိုအပ်သည့် ဒီဇိုင်းပုံစံများကိုတောင်းခံ၍ မှော်ဝန်းမြစ်ကူးတံတား အား၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက တည် ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ ရှောင်တခင်စစ်ဆေးခဲ့ ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်း သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်တွင် ယာဉ်လေးစီးအား မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၌ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဒေသာလမ်း၊ မဂ္ဂလမ်း၊ တော်ဝင်လမ်းကြားတွင် ရှိသော မြေကွက်လပ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ဖြည့်စွက်ဘဏ္ဍာငွေ (သို့မဟုတ်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ်မူတည်၍ အများ ပြည်သူအားကစားကွင်း အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း...