Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်းလုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် တွေ့ ဆုံ ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း လုပ်ငန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခု ဇွန်လမှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မဲဆန္ဒရှင်စာရင်း ပြုစုရေးအတွက် ပထမအဆင့်အနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုများအတွင်း အမှန် တကယ် နေထိုင်လျက် ရှိသော လူဦးရေ စာရင်း ကောက်ယူပြုစုခြင်း လုပ်ငန်းအား သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနများက မကြာမီ ကောက်ယူ ပြုစု သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူ များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂၄ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် က ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ် များအား လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပါဝင်ဆောင်ရွက် ကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူဆောင်ရွက်ရေး နှင့်ပတ်သက်၍ လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင် စာရင်း မှန်ကန်စေရေး အတွက် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး နိုင်ငံရေး ပါတီများ ၊ လူမှုအဖွဲ့အစည်း များအနေဖြင့် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း နှင့် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.