ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အောက်တိုဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှား-မြန်မာ နိုင်ငံတကာဘောလုံးခြေစမ်းပွဲအတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာအသင်းတည်းခိုရာ ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာ ဖလံကျင်းဓါတ်အားခွဲရုံ (33/11KVA,5MVA) တည်ဆောက်ပြီး၍ မိတ္ထီလာ -ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ(၂၂)ရွာအား အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) နေပြည်တော်ပြည်သူ့ဆေးရုံကြီး – ခုတင် (၁၀၀၀)၌ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory)အား အောက်တိုဘာလ (၈)ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် ငွေကျပ်သန်းပေါင်း ၂,၃၄၀ သန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅၇ ရွက်ဖြင့် ကျွဲဝယ်သူအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက် တွေ့ရှိအရေးယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဇီဝမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ပြင်ဆင် ပြုစုရာတွင် ဒေသခံ တိုင်းရင်းသားများ၏ အကြံပြုချက်များ ရရှိပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံ နိုင်သော နည်း ဥပဒေ ဖြစ်စေရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၌ အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်မှုကြောင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦး ဆေးရုံတက်ကုသမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) ၅၃ ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး53rd Meeting of ASEAN Committee on Culture and Information (53rd ASEAN-COCI Meeting)ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံပြီး နေပြည်တော်၌ ၂ဝ၁၈...