Connect with us

Culture & Entertainment

မော်ရိုကို နိုင်ငံတွင် ငါးတန်ချိန် ၁.၃ သန်းကျော်အား ၂၀၁၈ ခုနှစ် အတွင်း ဖမ်းဆီးရမိ

မော်ရိုကို နိုင်ငံ ရာဘတ်မြို့ ကမ်းခြေ တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ရာဘတ် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ၌ ၂၀၁၈ ခုနှစ် အတွင်း ငါးတန်ချိန် ၁.၃၁ သန်း ဖမ်းဆီး ရမိခဲ့ရာ ထိုပမာဏမှာ ၂၀၁၇ ခုနှစ် အတွင်း ဖမ်းဆီးရမိခဲ့သည့် တန်ချိန်နှင့် အတူတူပင် ဖြစ်ကြောင်း မော်ရိုကို အမျိုးသား ငါးလုပ်ငန်းရုံးမှ သိရ သည်။

ထိုဖမ်းဆီးရမိခဲ့သော ငါးတန်ချိန်များတွင် အတ္တလန်တစ် သမုဒ္ဒရာ အတွင်းမှ တန်ချိန် ၁.၂၈ သန်း နှင့် မြေထဲ ပင်လယ် အတွင်းမှ ၂၅,၉၀၇ တန် ဖမ်းဆီး ရမိခဲ့ကြောင်း မော်ရိုကို အမျိုးသား ငါးလုပ်ငန်းရုံးမှ ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

မော်ရိုကို နိုင်ငံ ကမ်းရိုးတန်း နှင့် မြစ်ချောင်းများ အတွင်း ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့သည့် ငါးတန်ချိန် ၁.၃ သန်းကျော် အတွက် ဈေးကွက် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၇၆၀ ကျော် ရှိခဲ့ရာ ၂၀၁၇ ခုနှစ်ကထက် ၁ ရာခိုင်နှုန်း ပိုမို တိုးတက် လာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.