ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၃/၄-၅)ကြားတွင် သြဂုတ် ၉ ရက်က မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဖြူးချောင်း ရေလွှဲဆည် အတွင်းသို့ ပြုတ်ကျ နစ်မြုပ်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ ၂ ဦး ရေနှစ်...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကိစ္စအား ဖြေရှင်းရာတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် အိမ်နီးချင်း ကောင်းပီသစွာဖြင့် နှစ်ဖက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) တရားရုံးများသည် အမှုအခင်းများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြရန် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်း(Peace Talk) အား ယနေ့သြဂုတ် ၉ ရက်တွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူ မြို့နယ် ၊ ချောက်ကန် ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ် ဧပြီလမှ၊ ဇွန်လအထိ Plasmodium Vivax ရောဂါပိုးကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်မားနေကြောင်း ငှက်ဖျားရောဂါအပါအဝင် ရောဂါနှိမ်နင်းရေး ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာ စောလွင်က ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လိုအပ်ချက်များကို ဆန်းစစ်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေး ဖြစ်ပွားမှုများကြောင့် နေပြည်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် ၇ ခုတွင် သြဂုတ် ၈ ရက် အထိ သေဆုံးသူ ဦးရေ ၂၀ ဦး ရှိကြောင်း အမျိုးသား...
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဓာတ်အားလိုင်းကြိုးသစ်များဖြင့် အစားထိုးတပ်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်ဇွန်လနှင့်ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အချို့ တွင် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ခံစားရမှုများ ပြားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူသီးတောင်နှင့်မောင်တောမြို့နယ်များတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား လက်တွေ့အကောင်အထည်ဖော်ရေး ပထမအဆင့်အနေဖြင့် ကွင်းဆင်း၊ အကဲဖြတ်မှုများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော...