Connect with us

Politics, Law & Military

လွိုင်လင်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ငွေကျပ် ၁,၄၂၂ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ထိန်းချုပ်ဓါတုပစ္စည်းများအာနှင့် တရားခံအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက် နေ့လည်ပိုင်းက မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ငွေကျပ် ၁,၄၂၂ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းရ သိရသည်။

လွိုင်လင် မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးကားလမ်းတွင် တောင်ကြီးမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ နောက်တွဲပေါ်ရှိ ပလပ်စတစ်ပီပါ ၇၉ လုံးအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဆာလဖြူရစ်အက်စစ်(Sulphuric Acid) ၁၄,၂၂ဝ လီတာခန့် (ဒေသကာလပေါက် ဈေးတန်ဖိုးငွေ ၁၄၂၂ သိန်း)ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများကို လွိုင်လင်မြို့မ ရဲစခန်း မယ(ပ) ၂၂/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၆(ခ)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.