နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်မည့် “သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ ဌာနေအစီအစဉ် (DWCP: _ Decent Work Country Programme) MoU ကို ပထမဆုံး အကြိမ် အဖြစ် ယနေ့နံနက် ရေးထိုးခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းတားဆီးမှု ခြောက်မှုမှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၈ ဒသမ ၃၈၈ သန်း...
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းတော်ကပ်ရာတွင် ရွှေစင်ပြားများကို ရာနှုန်းပြည့်မီ ရွှေပြားများဖြင့် ကပ်လှူပူဇော်ပေးလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်ကပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးရပ်ကွက် အုပ်စု(၃) လေယာဉ်ကွင်းအနီး လူနေအိမ်များကြားတွင် စီးပွားဖြစ်မွေးမြူထားသော နွားခြံများအား ယခုလအကုန်တွင် နောက်ဆုံးထားဖယ်ရှားရန် အကြောင်းကြားစာပေးပို့ထားပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) မိခင်နှင့်ကလေး ကျန်းမာရေး စီမံချက်တစ်ခုဖြစ်သည့် မိခင်နှင့် ကလေး ကျန်းမာရေးအတွက် သားဆက်ခြားနည်းလမ်းများဆောင်ရွက်ခြင်း (family planning)သည် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုတို့ကို သိသာထင်ရှားစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက် အမှတ်တံဆိပ် ၇ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) အာဆီယံအတွင်းရေးမှူးချုပ်ရုံး အနေဖြင့် ၂၀၁၈ ခုနှစ် အာဆီယံဆု (ASEAN Prize) ကို ချီးမြှင့်ရန် အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိရာ မြန်မာနိုင်ငံမှ နိုင်ငံသား၊ အဖွဲ့အစည်းအနေဖြင့် တင်ပြ လျှောက်ထား နိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်...
နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတော် ငြိမ်းချမ်းသာယာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေ မည့် စီးပွားရေးဝန်းကျင်ကောင်း ဖြစ်လာရေးမှာ စိန်ခေါ်မှုများစွာ ရှိနေပြီး ထို စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် စုပေါင်းအင်အားဖြင့် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှု...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာ့ကမ်းရိုးတန်းအနီး တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ၂ နာရီသတင်းထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့သည်။