Connect with us

Politics, Law & Military

အာဆီယံဆု အတွက် လျှောက်ထားနိုင်ကြောင်း အသိပေး ကြေညာ

အာဆီယံဆု အတွက် ကြေညာထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- asean.org)

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အာဆီယံအတွင်းရေးမှူးချုပ်ရုံး အနေဖြင့် ၂၀၁၈ ခုနှစ် အာဆီယံဆု (ASEAN Prize) ကို ချီးမြှင့်ရန် အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိရာ မြန်မာနိုင်ငံမှ နိုင်ငံသား၊ အဖွဲ့အစည်းအနေဖြင့် တင်ပြ လျှောက်ထား နိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန် အသိပေး ကြေညာခဲ့သည်။

ဆုအားလျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ရမည် ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၈ ခုနှစ်၊ မတ်လအတွင်း အာဆီယံနှင့်ပတ်သက်သော ဆောင်ရွက် ချက်များ၊ အောင်မြင်မှုများကို ပြသနိုင်ရမည် ဖြစ်ကြောင်း ၊ ထို့အပြင် ရှေ့ဆက်၍ အာဆီယံနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ဖော်ပြနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံသား၊ အဖွဲ့အစည်းအနေဖြင့် လျှောက်ထားသူပုဂ္ဂိုလ်၊ အဖွဲ့အစည်းသည် မိမိ(သို့မဟုတ်) အဖွဲ့အစည်းနှင့်ပတ်သက်သည့်အချက်အလက်နှင့် မိမိ(သို့မဟုတ်)အဖွဲ့အစည်း၏ ဆောင်ရွက်ချက် များနှင့်အတူ ပူးတွဲ တင်ပြလျှောက်ထားနိုင်ကြောင်း ၊ လျှောက်လွှာတင်သွင်းရန်အတွက် နောက်ဆုံးရက်မှာ ၂၇-၉-၂ဝ၁၈ ရက် ဖြစ်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော် (သို့မဟုတ်)[email protected] သို့ လိပ်မူလျှောက်ထားနိုင်ကြောင်း ၊ ဆုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://asean.org/? static post =asean-prize-2018 တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့အား လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အမေရိကန်ဒေါ်လာ ၂ဝဝဝဝ ချီးမြှင့် သွားမည် ဖြစ်ကြောင်း ၊ ယင်းဆုအား ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှုများ ၊ (ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံ များ အကြား ပြည်သူ အချင်းချင်း ထိတွေ့ ဆက်ဆံ မှုများ ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အကြား စံနှုန်းများ မြှင့်တင်ရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုများ ၊ အာဆီယံအသိုက်အဝန်းတည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံဆု (ASEAN Prize) ကို ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.