Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးရပ်ကွက် လူနေအိမ်များကြား စီးပွားဖြစ် မွေးမြူထားသည့် နွားခြံများကို ယခုလအကုန်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် ရန်ကုန်မြို့တော်ဝန်ပြောကြား

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးရပ်ကွက် အုပ်စု(၃) လေယာဉ်ကွင်းအနီး လူနေအိမ်များကြားတွင် စီးပွားဖြစ်မွေးမြူထားသော နွားခြံများအား ယခုလအကုန်တွင် နောက်ဆုံးထားဖယ်ရှားရန် အကြောင်းကြားစာပေးပို့ထားပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ယနေ့၊ နံနက် ၁၀ နာရီအချိန်က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးသာအောင်က ၎င်းမြို့နယ်ရှိ လူနေအိမ်များကြားတွင် စီးပွားဖြစ် မွေးမြူထားသော နွားခြံများအား အမြန်ဆုံးဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်းပြီး မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အင်းစိန်မြို့နယ်၊ စော်ဘွားကြီးရပ်ကွက် လူနေအိမ်များကြားမှာ စီးပွားဖြစ် မွေးမြူထားတဲ့ နွားခြံ(၁၃)ခြံကို ယခုလကုန်မှာ နောက်ဆုံးထား ဖယ်ရှားပြောင်းရွေ့ရေး အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်တဲ့အတွက် သတ်မှတ်ရက်ထက်ကျော်ရင် စိစစ်ပြီးတော့ ကော်မတီရဲ့ တည်ဆဲဥပဒေများနဲ့အညီ နွားမွေးမြူရေးခြံ အားလုံးကို ပြောင်းရွှေ့သွားတဲ့အထိ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းနွားခြံမွေးမြူခြင်းကို ပတ်ဝန်းကျင် ညစ်ညမ်းမှုများအပေါ် ပတ်ဝန်းကျင်မှ တိုင်ကြားချက်များအရ ဇွန်လ ၁၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။

“ပတ်ဝန်းကျင်ကတိုင်ကြားစာအရ ဒီကုသရေးနဲ့ ကာကွယ်ရေးဌာနခွဲ မြောက်ပိုင်းခရိုင်မှ ခရိုင်မှူးဦးစီးတဲ့အဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးတဲ့အခါ အနေအထားအရ နွားတွေနဲ့ နွားခြံတွေက အပေါ်ပိုင်းမှာ တည်ရှိပြီးတော့ လူတွေက အောက်ရောက်နေတာ တွေ့ရပါတယ်။ နွားခြံတွေဟာ ကုန်းမြင့်ပေါ်မှာ တည်ရှိပြီးတော့ သူနဲ့ဆက်စပ်နေတဲ့ ဝန်းကျင်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိပေမယ့် မိုးရေနဲ့ရေစီးဆင်းရာ အနိမ့်ပိုင်းရပ်ကွက်နဲ့ လူနေရပ်ကွက်တွေမှာ ခြံဝန်းတွေအထိပါ အညစ်အကြေးနဲ့ ရေတွေပါလာတဲ့အတွက်ကြောင့် နွားခြံကို သန့်ရှင်းကောင်းမွန်အောင်လုပ်ဖို့၊ အညစ်အကြေးတွေ ပတ်ဝန်းကျင်ကို မထိခိုက်ဖို့ နောက် ကျင်းတူးပြီးတော့ စွန့်ပစ်ဖို့၊ ရေနှုတ်မြောင်းအတွင်းမှာ မစွန့်ပစ်ဖို့နဲ့ မွေးမြူရေးလိုင်စင်ကိုပါ စည်းကမ်းချက်အတိုင်း ၂၆.၆.၂၀၁၈ ရက်စွဲမတိုင်မီ ဆောင်ရွက်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပြန်လည်တင်ပြဖို့အတွက် ညွှန်ကြားခဲ့ပါတယ်။ ’’ဟု မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ထပ်မံ၍ ကွင်းဆင်းစစ်ဆေးသည့်အခါ အထက်ပါအတိုင်း ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် မွေးခြံပိုင်ရှင်များနှင့် ကုသရေးဌာနခွဲ မြောက်ပိုင်းခရိုင်ရုံးသိ့ု ခေါ်ယူတွေ့ဆုံပြီး ဌာနမှမွေးမြူခွင့် လိုင်စင် ခွင့်ပြုပေးထားသော်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် တိုင်ကြားလာသည့်အပေါ် လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် စက်တင်ဘာ ၃၀ ရက်နေ့တွင် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.