ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ မတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အိုးဘိုကျေးရွာ၌ မတ်လ ၇ ရက်နေ့က မီးလောင်မှုကြောင့် လူဦးရေ ၁၀၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် သရက်ကုန်းကွက်ရှိ နှစ်ထပ် နေအိမ်တစ်အိမ်မှ မတ် ၇ ရက်နေ့တွင် မီးစတင်လောင်ရာမှ နေအိမ် ၁၂လုံးထိ မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) နေပြည်တော်မြို့ အနီးတွင် ဗဟိုပြုလှုပ်ရှားခဲ့သည့် အတွက် နေပြည်တော် တွင် ငလျင်လှုပ်ရှားမှုအား ခံစားခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိ ကြောင်း၊ လူနှင့် တိရစ္ဆာန် သေဆုံးပျက်စီးမှု မကြားမိသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်...
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) နေရပ်စွန့်ခွာ၍ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရန်အတွက် ဂေါ်ဒူသာရကျေးရွာအုပ်စု မှိုဝင်ချောင်းဝအနီး ပင်လယ်ကမ်းခြေ၌ ယာယီနေထိုင် လျက်ရှိသော ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများအား မောင်တောခရိုင်မှ တာဝန်ရှိသူများ မတ်လ ၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆,၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉,၁၉၀ ချောင်းနှင့် ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့စတင်ကျင်းပခဲ့ပြီး၊ ပြီးခဲ့သည့် တချို့ ဘာသာရပ်တွင် မဖြေနိုင်ဘူးထင်သော်လည်း အမှတ်ပေးစည်းမျဉ်းထဲဝင်သည့်အခါ အောင်မှတ်ထက်မက အမှတ်ကောင်းကောင်းရနေတာတွေလည်း ရှိသည့်အတွက် နောက်ရက် ဖြေဆိုရမည့် ဘာသာရပ် ကို အာရုံပြုပြီး ဖြေဆိုစေချင်ကြောင်း ပညာရေးဝန်ကြီးဌာန...
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မတ်လ ၇ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ ကိုယ်စား လုပ်ငန်း နယ်ပယ် အသီးသီးတွင် တာဝန်ယူ ထမ်းဆောင်နေကြသည့် အစိုးရ ဌာန အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများသည် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန် များကို ပြည်သူအများက တိုင်ကြားမှ၊ တင်ပြမှ...