Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီ၌ ကဏ္ဍ၇ခုအတွက် ကျပ် ၄၂သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ဟုဆို

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီ၌ ကဏ္ဍကြီး ၇ခုအတွက် ကျပ် ၄၂သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

အဆိုပါ ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတား၊ ဆည်/ကန်၊ မီးလင်းရေး၊ ရေရရှိရေးနှင့် အခြားဒေသဖွံ့ဖြိုးရေး ကဏ္ဍတို့၏ စုစုပေါင်း လုပ်ငန်းပေါင်း ၁၃၉၂ခုအတွက် ကျပ် ၄၂,၄၆၄,၅၅၅ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီ၏ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဆက်လက်လုပ်ကိုင်ရမည့် လုပ်ငန်းများအနေနှင့် လုပ်ငန်းခေါင်းစဉ်ကြီး ၅ခုမှ လုပ်ငန်းပေါင်း ၆၈ခုအတွက် ကျပ်၂,၉၅၄,၆၃၁သန်း ခွင့်ပြုချထားပေးပြီးဖြစ်ကြေင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နေပြည်တော်ကောင်စီ တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.