ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး ပြင်ဆင်သတ်မှတ်ခြင်းအသိပေးကြေညာချက်အား လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) များတွင် ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက်မထားခြင်း၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းမရှိမှုများကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်...
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရေနံ ဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် သယ်ယူ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် LPG လုပ်ငန်းရှင်များသည် မတ် ၂၁ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း ဦးဆောင်သည့်အဖွဲ့က လူမှုကွန်ရက်တွင် အမည်ထွက်နေသောဆေးခန်း၂ခုဖြစ်သည့် လူထုမေတ္တာ(မရမ်းကုန်း)နှင့် ရောင်နီဦးဆေးခန်းတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့ကို ဆက်သွယ်ထားသည့် စိုင်းဒင်ချောင်းပေါ်၌ တည်ဆောက်ထားသည့် စိုင်းဒင် တံတား၊ ရွာဟောင်းချောင်းပေါ်၌ တည်ဆောက်ထားသည့် ရွာဟောင်းတံတား၊ ငစံပေါ် တံတားနှင့် သောင်းဒရားချောင်းပေါ်၌ တည်ဆောက်ထားသည့် သောင်း ဒရားတံတား တို့ကို မတ်...
နေပြည်တော်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးတွင် ယနေ့ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့သည် ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပျက်စီးလျှက်ရှိနေသော လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်အလိုက် ကွန်ကရစ်လမ်းများ ခင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ) လက်ရှိ လစ်လပ်သွားသော နိုင်ငံတော် သမ္မတရာထူးအတွက် အလုပ်လုပ်ရက် ၇ ရက် အတွင်း ရွေးချယ်မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့မတ် ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ယနေ့ (မတ် ၂၁ ရက်)တွင် သမ္မတရာထူးမှ နုတ်ထွက်လိုက်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။