Connect with us

Education & Health

ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ရန် ဝန်ကြီးဆို

ကျန်းမာရေးကဏ္ဍလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ ပြည်သူလူထုအား အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးကဏ္ဍလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဧပြီ ၃ ရက်နေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဘေးအန္တရာယ် အမျိုးမျိုး အထူးသဖြင့် ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် ယခင်ရှိခဲ့သော လုပ်ငန်းလမ်းညွှန်များ၊ စီမံချက်များကို ရရှိခဲ့သော အတွေ့အကြုံများအပေါ် မူတည်၍ အသစ်ပြု ပြင်ရေးဆွဲခြင်း၊ ဌာနတွင်း၊ ဌာနပြင် ချိတ်ဆက်မှု အားကောင်းစွာ ဆောင်ရွက်ခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မည့် ကျန်းမာရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် သင်တန်းများပေးခြင်းများနှင့် ပြည်သူလူထုအား ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအသိပညာ တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့မှာ အရေးကြီး ပြုလုပ်ရန် လိုအပ်ကြောင်းဝန်ကြီးက ပြောကြားသည်။

ယင်းနောက် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန်၊ ဘေးအန္တရာယ် ဒဏ်ခံနိုင်ရည်ရှိသော ကျန်းမာရေး စနစ်ဖြစ်ပေါ်စေရေး ကိစ္စရပ်များ ဆောင်ရွက်ရန်၊ ကျန်းမာရေးဌာနများ အထူးသဖြင့် ဆေးရုံများတွင် ယခင်ရေးဆွဲထားရှိသော ဘေးအန္တရာယ် ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များ၊ လုပ်ငန်းလမ်းညွှန်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေ ထားရှိသော လမ်းညွှန်စာအုပ်များကို မှီငြမ်းပြုပြင်ရေးဆွဲရန်နှင့် ပြည်သူလူထုအား အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ သိရှိရန်နှင့် အကြံပြုချက်များ ရရှိနိုင်ရန် ယခုနှစ် မေလအတွင်း၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပသွားရန် တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.