Connect with us

Social

မင်္ဂလာဈေးသစ်ကြီးကိုလပေါင်း ၃ဝ အတွင်း အပြီးတည်ဆောက်မည်

မင်္ဂလာဈေးသစ်ကြီးတည်ဆောက်မည့်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော မင်္ဂလာ ဈေးကြီးအား ယခုအခါ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် လပေါင်း ၃ဝ အတွင်း အပြီးအကောင်အထည်ဖော်တည်ဆောက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးကို ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့က ဦးဆောင်ကြီးကြပ်ပြီး ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဆန်းမြတ်ထွန်း ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူအကောင် အထည်ဖော် တည်ဆောက်မည့် မင်္ဂလာဈေး သစ်ကြီးသည် စုစုပေါင်း ၁၇ ထပ် တည်ဆောက်သွားမည်ဖြစ်ပြီး အောက် နှစ်ထပ်အား ကားပါကင်အဖြစ် အသုံးပြု သွားမည်ဖြစ်ကာ ယင်းကားပါကင် အထက် ပထမထပ်မှ ပဉ္စမအထပ်အထိ တင်ဒါအောင်မြင် သဘောတူထားသည့် အတိုင်း ဆောက်လုပ်မည့်ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ဈေးအဖြစ်ပြန်လည်အပ်နှံမည်ဖြစ်သည်။ ကျန် ၁ဝ ထပ်အား ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရမည်ဖြစ်ကာ Base နှစ်ထပ်နှင့် အပေါ် ၁၅ ထပ်ပါသော အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်မည့် အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးတည်ဆောက်မှုတွင် ငွေကျပ် ၆၈ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ပြည်တွင်း အင်ဂျင်နီယာများနှင့် ပြည်ပအကြံပေး အင်ဂျင်နီယာ အစုအဖွဲ့များက ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်သည်။ ယခု အခါ အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး သတ်မှတ် ကာလအတွင်း အမြန်ဆုံးပြီးစီးရေး တည်ဆောက်သွားမည်ဖြစ်သည်။ ကား အစီးရေ ၈ဝဝ ကျော်ဝင်ဆံ့နိုင်သော ကားပါကင်ကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်၍ အဆိုပါ ဈေးသစ် ကြီးပြီးစီးပါက ယာဉ်ကြော ကျပ်တည်းမှု ကိုလည်း အထိုက်အလျောက် ဖြေးရှင်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ ရောင်းဝယ်ဖောက်ကား မှုများပြီး အချက်အချာကျသော မင်္ဂလာ ဈေးကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ပြည့်နှစ် မေလတွင် မီးလောင်မှုတစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် မီးလောင်မှု တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.