ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) မိုးညှင်းမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ဒီဇင်ဘာလ (၂၄)ရက်နေ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဒီဇင်ဘာ ၂၂ရက်နေ့က ကျောက်များတင်ဆောင်လာသော ၆ဘီးကားနှင့် Light Truck ယာဉ်တို့တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကျပ်သိန်း၃၀၀ကျော်တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများအား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ရုံးများတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်၍ နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ငါးခူရနယ်မြေစခန်းအား ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော် ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင် တည်ဆောက်မည့် Cyclone Shelter ၈၅ လုံး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲအတွင်း ဒီဇင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းတွင် တရားမဝင် အင်သစ်ခွဲသားဆိုဒ်စုံ ခန့်မှန်း ၄၅၀ တန်ခန့် အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁၅ ဦး ပြန်လည် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။