Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် မြေစာပုံပြိုကျမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိ


ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအပိုင်အတွင်းရှိ စွန့်ပစ်မြေစာပုံသည် မတ် ၁၆ ရက်နေ့ ည ၁၀ နာရီ ၅၀ ခန့်တွင် ပြိုကျမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိကြောင်း လုံးခင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

“အသေအပျောက်တော့အတိအကျ မရသေးပါဘူး။ ခုမှစစ်ဆေးနေပါတယ်။ အနီးနားကပြောတာတော့ ငါးဦးလို့ပြောတယ်။ ဖားကန့်မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးကတာဝန်ရှိသူတွေ သွားစစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လုံးခင်းနယ်မြေ၊ လှမှော်၊ ဒေသအခေါ်(ကန်ခါ) စွန့်ပစ်မြေစာပုံပြိုကျနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- wai phyo aung)

လုံးခင်းနယ်မြေ၊ လှမှော်၊ ဒေသအခေါ်(ကန်ခါ) စွန့်ပစ်မြေစာပုံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအချို့ ပြိုကျမှုအတွင်း ပါသွားကြောင်း လုံးခင်းနယ်မြေတွင် ကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကန်ခါ ၁၁၁ မြေစာပုံပြိုကျတာပါ။ သေဆုးံသူ အရေအတွက် မသိရသေးဘူး။ ကုမ္ပဏီဝန်ထမ်းနဲ့ မြေသယ်ကားတွေ ပြိုကျတဲ့ထဲ ပါသွားတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117