Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျမှုအတွင်း ၄ဦးပျောက်ဆုံး

ဖားကန့်မြို့နယ်အတွင်းရှိ စွန့်ပစ်မြေစာပုံတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကန်ခါကျေးရွာ အနီး ကျောက်စိမ်းတောင် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွင် မတ် ၁၆ ရက် ည ၁ဝ နာရီ ၄၅ မိနစ်က စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် မြေစာပုံပိ၍ ရေမဆေး ကျောက်ရှာဖွေသူ လေးဦးပျောက်ဆုံးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ကန်ခါကျေးရွာအနီး ကျောက်စိမ်းတောင် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံပြိုကျခဲ့မှုကြောင့် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းစုရပ်ကွက်နေ လှရင်ပု(၂၁နှစ်)နှင့် မင်းဇော်တူး (၂၁နှစ်)၊ ကန်ခါကျေးရွာနေ မျိုးဦး(၂၅နှစ်)၊ ကရင် ချောင်ကျေးရွာနေ ဇင်မင်းဦး(ခ)ဖိုးစီ(၂၅နှစ်)တို့ လေးဦး ပျောက်ဆုံးနေပြီး ကုမ္ပဏီပိုင် မြေသယ်ယာဉ်နှစ်စီး စွန့်ပစ်မြေစာများ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာပုံပြိုကျရာနေရာသို့ နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး သိန်းနွယ်လှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ ပုံမှန်ကတော့ ည ၁၁ နာရီဆိုရင် မြေစာစွန့်ပစ်တာ၊ ရေမဆေးကျောက် ရှာဖွေတာ နားပါတယ်၊ အခုက ၁ဝ နာရီ ၄၅ မိနစ်မှာ မြေစာပုံပြိုကျခဲ့တာဖြစ် လို့ လူဦးရေနည်းသွားတာ ကံကောင်းတယ်ပဲ ပြောရမလား၊ မြေစာပုံထဲ ပါသွားတဲ့ လေးဦးကတော့ ကံဆိုးသွားတာပါ၊ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့သူတစ်ယောက် ကိုတော့ ဖားကန့်ဆေးရုံကို ဆေးကုသဖို့ တင်ပို့ထားပေးပါတယ်၊ ကျွန်တော်တို့ လည်း မြေစာပုံပိသွားတဲ့သူတွေကို တတ်နိုင်သလောက် ကြိုးစားပြီး ရှာဖွေနေပါတယ်” ဟု ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်က ပြောသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117