ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရာ၌ လုံခြုံရေးသတိများ လျှော့ချခြင်းမပြုဘဲ အထူးကြပ်ကြပ်မတ်မတ် စစ်ဆေး ဆောင်ရွက်ရန် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နေ့လျှင် ရထားစီးခရီးသည် တစ် သိန်းနှစ်သောင်းကျော်ရှိကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) သွားလာရေးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ့မီးရထားအနေဖြင့် လက်ရှိတွင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သည့်အတွက် ရထားစီး ခရီး သည်အရေအတွက်မှာ သိသိသာသာပြောင်းလဲမှုမရှိသေးသော်လည်း အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးပါက စီးနင်းသူ ယခု ထက်ပို၍ပိုမိုများပြားလာနိုင်ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ငလျင်ပြတ်ရွေ့ဇုန်များတွင် မြေသားများရွေ့လျားမှု အခြေအနေများကို လေ့လာသိရှိနိုင်ရန် GPS စနစ်များ တိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်း မြေငလျင်တိုင်းတာရေးစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ယခုနှစ်အတွင်း ထွက်ရှိလာမည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ မူကြမ်းသစ်တွင် ဒဏ်ငွေများကို ၁၀ဆ ကျော်ထိ တိုးမြှင့်ထားကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံခြားသား ၇၅,ဝဝဝ ခန့် ရောက်ရှိဖူးမြော်ကြည်ညိုခဲ့ကြပြီး ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ကြောင်း ၊ အလှူငွေအနေဖြင့် သိန်းပေါင်း ငါးထောင်ကျော် အလှူခံရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) NCAလက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်ခေါင်းဆောင်မျာ၊ အခြား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလအား ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၃၀ ရက် အထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ဆိုင်ရာ...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တနင်္သာရီကမ်းရိုးတန်းပေါ်တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် တနင်္သာရီကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်း ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇန်နဝါရီ ၁ဝရက်နေ့ ညနေပိုင်းမှစတင်ကာ ရေနစ်မြုပ် ခဲ့သော ချောင်းလမုရွာမှ လူနေအိမ် ၅၇ လုံး ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...