Connect with us

Culture & Entertainment

မဟာသြင်္ကန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိ

မဟာသင်္ကြန်အကျနေ့ မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်၊ မဟာသြင်္ကန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အခြားအမှုများ အနေဖြင့် ၁၄၇ မှုရှိခဲ့ကြောင်း သိရသည်။ သြင်္ကန်အကြိုနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃ဦး၊ ဒဏ်ရာရသူ ၁၆ဦး နှင့် အမှုပေါင်း ၂၀ ရှိခဲ့သည်။ သြင်္ကန်အကျနေ့တွင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၆၂ ဦး နှင့် အခြားအမှုပေါင်း ၅၅ မှုရှိခဲ့သည်။ သြင်္ကန် အကြတ်နေ့တွင် သေဆုံးသူ၆ဦး၊ ဒဏ်ရာရသူ ၇၄ဦး နှင့် အခြားအမှုပေါင်း ၇၂ မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

သြင်္ကန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်နေ့တွင် မာရသာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ သည့် အတွက် ရေပက်ကစားသူ နည်းပါးခဲ့ကာ အတက်နေ့တွင် သေဆုံးသူ၊ ဒဏ်ရာ ရသူနှင့် အခြားမှုခင်းများစာရင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မပါရှိပေ။

၂၀၁၆ ခုနှစ် မဟာသြင်္ကန်တွင် ၃၆ ဦး သေဆုံးခဲ့ပြီး ၃၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.