Connect with us

Environment, Disasters & Accidents

တာလေမြို့မှ အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ အင်အား ၄.၇ အဆင့်ရှိငလျင်လှုပ်ရှား

မြေငလျင်ဗဟိုချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနစ်၊ ဧပြီလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၄၅)မိနစ် (၂၀)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ( ၂၇၇ )မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တာလေမှ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန ၊ မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက “လာအိုနဲ့ ကျွန်တော်တို့ နိုင်ငံ နယ်စပ်နားမှာလှုပ်သွားတာပါ။ တာလေမြို့အရှေ့တောင်ဘက် ၅မိုင်အကွာမှာလှုပ်တာပါ။ အနက်ဇောက်တိမ်တဲ့ ငလျင်အမျိုးအစားဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုမရှိနိုင်ပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.