ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) Samsung (ဆမ်ဆောင်း) မှ လက်ရှိတွင် ဖြစ်ပေါ်နေသည့် Galaxy Note7 နှင့် ပတ်သက်သည့် အခြေအနေကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးစွဲသူများ၏ လုံခြုံရေး အတွက် Galaxy Note7 များ...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်နှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်းအား ၃၀၀ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ် ၊ဧပြီလ ၁ရက်နေ့ (စနေနေ့) တွင် ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေရာ ၁၈ နေရာ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော ရက်ပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကို သတိကြီးကြီးထားပြီး ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က လမ်းညွှန်ထား ကြောင်း သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယ...
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများလုံခြုံရေး ၊ အကြမ်းဖက်ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ရေးတို့အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းမှုများတွင် လိုအပ်သည့် ပူးပေါင်းကူညီပံ့ပိုးမှုများ ပြုလုပ်ရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman...
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း (ထမံသီမြိ့ု၏ အနောက်တောင်ဘက် မိုင်(၁၁)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းမပေါ်တွင် မောင်းနှင်လာသော မော်တော်ယာဉ် တစ်စင်းအား ရှာဖွေရာတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား (ဒေသတန်ဖိုးငွေ ကျပ်သိန်း ၁,၀၀၀) ကို သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇူလိုင်လနှင့် သြဂုတ်လပိုင်းက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ငါးမွေးမြူရေးကန်များအား ပြည်ထောင်စု အစိုးရမှ ကျပ် ၁၇ ဒသမ ၂သန်း ထောက်ပံ့ပေးရန် ခွင့်ပြုလိုက် ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် တုတ်၊ ဓားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ခံရကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ မြစ်ကြောင်းများ၌ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် ကာလ ရှည်ကြာစွာ ပြေးဆွဲလျက် ရှိသည့် ရေယာဉ် အဟောင်းများကို...