Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတနှင့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ရခိုင်ပြည်နယ်အရေး ဆွေးနွေး

နိုင်ငံတော်သမ္မတဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်ဥက္ကဋ္ဌအားလက်ခံတွေ့ ဆုံစဉ်( ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့လာရောက်တွေ့ဆုံ ဂါရ၀ ပြုခဲ့ကြပြီး ရခိုင် ပြည်နယ် အရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော် သမ္မတ အိမ်တော်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ နှစ်ဘက် အသိုက်အဝန်းအတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ၏ အရေးပါမှု၊ မမှန်ကန်သည့် ကောလဟလ သတင်းများအပေါ် မှန်ကန်စွာ တုံ့ပြန်၍ ပွင့်လင်း မြင်သာစွာ သတင်း ထုတ်ပြန်ရန် အရေးကြီးမှု၊ နှစ်ဘက် အသိုက်အဝန်း အကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုများမှ တစ်ဆင့် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး အလားအလာကောင်းများ ပိုမို ဖြစ်ထွန်း ပေါ်ပေါက်ရေးနှင့် ပြည်သူများ၏ လူမှု စီးပွားရေး ဘ၀ ဖွံ့ဖြို း တိုးတက်လာစေရေးအတွက် အသက်မွေးဝမ်း ကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းများ တိုးမြှင့် ဖွင့်လှစ်သွားနိုင်မည့် အလားအလာများ ဖော်ထုတ်သွားရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိရေးနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌ တို့ရခိုင်ပြည်နယ် အရေးဆွေး နွေးနေစဉ် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တို့အမှတ်တရဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

အဖွဲ့ဝင် ဆယ်ဦးပါသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နေ့လယ် ၁ း ၃၀ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်သို့ ရောက်ရှိကြပြီး အိမ်တော်၊ သံတမန်ဆောင်ခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ကိုယ်စား လှယ် အဖွဲ့အား သမ္မတကြီးနှင့်အတူ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့် ဆွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ နိုင်ငံတော် သမ္မတရုံး ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင် တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။ (Xinhua)