ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တည်ဆောက်နေသော လေယာဉ်ဆီ လီတာ ၆ ဒသမ ၂ သန်းအထိ သိုလှောင်နိုင်မည့် ဆီသိုလှောင်ကန်သစ် နှစ်ကန် သြဂုတ်လကုန်၌ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း National Energy Puma Aviation Services (NEPAS)မှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ (၄၉)နှစ်မြောက် အာဆီယံနေ့အတွက် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယနေ့ သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်းနှင့် လယ်မြေဧက ၂၂၀၀ရေနစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၃) ၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ယမန်နေ့က ငွေကျပ် သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖော်ထုတ် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် နေပြီး၊ နောက် (၃)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု...
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်း၌ မြစ်ရေမြင့်တက်မှုများကြောင့် အချို့ သောရှေးဟောင်းစေတီ၊ အဆောက်အအုံများရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုများကြောင့် ကြံ့ခိုင်မှုအားနည်းသွားသည့် ရှေးဟောင်း အဆောက်အအုံများ၊ ပျက်စီးသွားသည့် နေရာများရှိခဲ့ပါက နိုင်ငံတော် ဘတ်ဂျက်ဖြင့် ပြုပြင်ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ...
ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့ နယ်တို့ရှိ ကျေးရွာ၉ရွာတွင် လူ ၃၈ဦး သေဆုံးခဲ့သည့် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်သော အနေအထားရှိပြီဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး ဥက္ကဋ္ဌ ဦးကေဆိုင်းက ဆင်ဟွာသတင်းဌာနသို့ ယနေ့ ပြောကြားသည်။
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုတွင် လောင်းကစား အမှုပေါင်း ၂၃၁ မှု ၊ တရားခံ ၅၄၄ ဦးနှင့် လောင်းကြေးငွေကျပ် ၂၃,၄၇၇,၈၅၅ အား ဇူလိုင်လအတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း...
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ယခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူပေါင်း ၂သိန်းကျော် ရေဘေးသင့်ပြီး ၄ဦးသေဆုံးခဲ့ကြောင်း ယနေ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ၊ ကော်မတီအသစ်များ၏ လျာထားအမည်စာရင်းများကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး မျက်နှာစုံညီအစည်းအဝေးတွင် ကြေညာလိုက်သည်။