Connect with us

Social

တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးပြတ်တောက်မည်

ဗဟန်းမြို့နယ်ရှိ အနောက်ရွှေဂုံတိုင်လမ်းနှင့် ရေတာရှည်လမ်းရှိ အချို့နေရာများ၌ ဓာတ်အား ပြတ်တောက်လျှက်မှုအား ပြင်ဆင်နေပုံ(ဓာတ်ပုံ-YESC)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း ယနေ့ ညနေ ၄နာရီ၅၀ခန့်တွင် ချို့ယွင်းမှုဖြစ်ပေါ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ 230 KV တောင်ငူ- သာယာကုန်း မဟာဓာတ်အားလိုင်း လိုင်းအပြစ်ဖြစ်ပေါ်ကာ System Break downဖြစ်နေကြောင်း၊ ရန်ကုန်ရှိ Gas Turbine စက်များမှ ပုံမှန်အတိုင်း ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

“ဘယ်မြို့နယ်တွေပျက်မလဲ အတိအကျတော့မသိရသေးပေမယ်၊ အားလုံး မီးပြန်ပေးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားဖြန့်ချိရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.