Connect with us

Sport

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၄ ရက်နေ့၌ ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းကစားမည်

မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းနိုဝင်ဘာ ၄ရက်နေ့တွင်ခြေစမ်းကစားမည် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၀၁၆ ဆူဇူကီးဖလားအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ဥရောပခရီးစဉ်တွင် နည်းပြချုပ်ဂတ်၏ ဦးဆောင်မှုအောက်တွင် လေ့ကျင့်ပြင်ဆင်ထားသော မြန်မာ့လက်ရွေးစင်အသင်း၏ မြန်မာ ပရိသတ်ရှေ့တွင် ပထမဆုံး ကစားမည့် ခြေစမ်းပွဲဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း နှင့် အင်ဒိုနီးရှားအသင်းတို့သည် နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ခြေစမ်းကစားကြမည်ဖြစ်သည်။

ပွဲလက်မှတ်များကို အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ သုဝဏ္ဏကွင်းတို့တွင် ကြိုတင်လက်မှတ်များ စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ပွဲနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း သုဝဏ္ဏကွင်း တွင် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.