Connect with us

Environment, Disasters & Accidents

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် သုံးရက်အတွင်း မုန်တိုင်း တစ်လုံးဖြစ်လာနိုင်ဟုဆို

မြေပြင်မိုးလေ၀သအခြေအနေပြ မြေပုံ(ဓာတ်ပုံ-ဦးထွန်းလွင်)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် နောက်သုံးရက်အတွင်း မုန်တိုင်း တစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို ဖြတ်သန်းလာသော အရှေ့လေပွေလှိုင်းတစ်ခုကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသည် ယနေ့ နေ့လည် ၁၂နာရီခွဲမှ နောက် ၄၈နာရီမှ ၇၂နာရီအတွင်း မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းကို ရွေ့လျားသွားပြီး လဆန်း ၅ ရက် ၆ ရက်တွင် အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်နိုင်ခြေမရှိသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.