ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်း သည် တောင်ကိုရီးယားနိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက တောင်ကိုရီးယားနိုင်ငံကို မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ...
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီးဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဲဒီအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ဆန်းစစ်လေ့လာခြင်းနဲ့ အစီရင်ခံစာ ထုတ်ပြန်ခြင်းလုပ်ငန်းတွေကို ၂၀၂၁ ခုနှစ်...
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ (ဧပြီ ၂၂ရက်)ပြောကြားသော ငြိမ်းချမ်းရေးမိန့်ခွန်း၌ ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ “ဒီ၂၀၂၂ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့...
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ပြည်တွင်းလျှပ်စစ်ဓာတ်အား ထောက်ပံ့မှုအတွက် ဟိုက်ဒရိုကာဗွန် နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ယနေ့ (ဧပြီ ၂၁ ရက်)တွင် ထုတ်ပြန်သော...
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ဆောင်းရာသီတွင် လာရောက်ခိုနားကြ သည့် ဆောင်းခိုငှက်များ လက်ရှိတွင် နေရပ်သို့ ပြန်လည်ပျံသန်းလျက်ရှိပြီး လက်ရှိတွင် ဆောင်းခိုငှက်မျိုးစိတ် ၃၂ မျိုးသာ ကျန်ရှိတော့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ဆင်ဟွာသို့ ယနေ့...
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုမှ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များ သို့ တက်ရောက်ရန် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး...
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပြည်တွင်း၌ စက်သုံးဆီများ လုံလုံလောက်လောက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၉ ရက်တွင် အတည်ပြုပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်ဖြေဆိုခဲ့သော အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး မေ ၂၅ ရက်တွင် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၈...
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁၈ ရက် ည ၇နာရီကျော်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ ကားများနှင့် ဓာတ်တိုင်များ အပျက်အစီးဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) သင်္ကြန် အကြိုနေ့ ဖြစ်သော ဧပြီလ ၁၃ ရက်တွင် အောင်မင်္ဂလာအဝေးပြေး မှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)...