Connect with us

Myanmar

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုပပျောက်ရေးအတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများအား ဖြေရှင်းရန်အတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဧပြီ ၂၆ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

အွန်လိုင်းနှင့် ချိတ်ဆက်ရောင်းချသည့်စီးပွားရေးလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ စားသုံးသူအခွင့်အရေးများ ထိခိုက်လာသည့် အရေအတွက်များပြားလာကြောင်း သိရသည်။

အဆိုပါ လိမ်လည်မှုများ ပပျောက်ရန် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သလို သက်ဆိုင်ရာပြည်တွင်းဌာနများကလည်း ဥပဒေ စည်းမျဉ်းစည်းကမ်းများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှု များလာသည်နှင့်အမျှ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် စားသုံးသူများ မထိခိုက်စေရန် ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်မှ စတင်ပြီး အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်လျှောက်ထားရန် အမိန့်ထုတ်ပြန်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တရားဝင် မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်း ၄,၀၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်းစီးပွားရေးလိမ်လည်မှုများနှင့် ဆက်နွယ်သည့် လိမ်လည်မှုပေါင်း ၂၉၉ မှုရှိကြောင်း သိရသည်။

ယင်း အွန်လိုင်းလိမ်လည်မှုများတွင် ကုန်ပစ္စည်းများ ပေးပို့မှု မရှိခြင်း ၊ငွေကြေး လွှပြောင်းမှုအပြီးတွင် ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ခြင်းနှင့် မှားယွင်းသော လိပ်စာများ ပေးခြင်းကဲ့သို့သော လိမ်လည်မှုများ ပါဝင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117