ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်၌ ယနေ့(မတ် ၁၇ ရက်) နံနက် ၁၁နာရီ ၁၅ မိနစ်တွင် KIA BONGO III အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ထိမ်းမှောက်သွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ လူ ၁ ဦးသေဆုံးပြီး...
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်၌ မတ် ၁၅ ရက် ညနေပိုင်းက အကျဉ်းသားအချုပ်သား (၅၀)ခန့်သည် အကျဉ်းထောင် တာဝန်ရှိသူများအား ဓားစာခံပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်ရန်ကြံစည်မှုဖြစ်ပွားခဲ့ရာမှ အချုပ်သား/အကျဉ်းသား (၇) ဦးသေဆုံးကာ အခြား (၁၂)ဒဏ်ရာရသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော...
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ သန်းနှင့် ချီသော ငွေစက္ကူအတု ထွက်ရှိသည်ဆိုသော သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အပ်ငွေ နှင့် ထုတ်ငွေ တွင် အပ်ငွေကပိုမိုများလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က...
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ယူနန်-ချင်းရွှေဟော်နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇,၀၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ယနေ့ မတ် ၁၅ ရက်တွင် ပြောသည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများ အတွက် ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။
ရန်ကုန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) ယခုနှစ်ပိုင်းများတွင် ကာဗွန်လျော့နည်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်များ ကျယ်ပြန့်လာခြင်းနှင့်အတူ အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင်လည်း စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချမှုများ အစပျိုးလာပြီဖြစ်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မတ်လဒုတိယပတ်၌ မတ်လ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီ စင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ယနေ့ မတ် ၁၁ ရက်တွင်...
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၁.၈ ဧက အား ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ရဟူတူ၊ လှိမ်ရောမ်းအား အမျိုးသားဥယျာဉ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင် စတင်သတ်မှတ်လိုက်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊...
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား/ကျောင်းသူ ဦးရေ ၃၁၂,၀၀၀ကျော်ရှိပြီး ရခိုင်ပြည်နယ်က စာရင်းသွင်းသူ ဦးရေအများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ယင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းမှု ကျောင်းသူ/ကျောင်းသား အများဆုံး ပြည်နယ်သည် ရခိုင်ပြည်နယ်ဖြစ်ပြီး စာရင်းသွင်းဦးရေ...
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) မတ် ၁ ရက် ကစ၍ နွေရာသီကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နွေရာသီသည် ပူပြင်းစိုစွတ် နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၄ ရက်တွင် ပြောသည်။