Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မိတ္တီလာမြို့၌ ယာဉ်နှစ်စီးတိုက်ပြီး လူ တစ်ဦးသေဆုံး၊ ၂၇ ဦး ထိခိုက် ဒဏ်ရာရရှိ

မိတ္တီလာမြို့၌ ဝန်ထမ်းကြိုပို့ယာဉ်နှင့် Canterယာဉ် နှစ်စီးတိုက်မှုဖြစ်ပွါးစဉ်(ဓာတ်ပုံ- မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအသင်း)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့၊တောမကျေးရွာအုပ်စုအနီး မိတ္ထီလာ – သာစည်ကားလမ်းတွင် ယာဉ်နှစ်စီးတိုက်ပြီး လူ တစ်ဦးသေဆုံးကာ၂၇ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ Canter ကားက စက်ဘီးကိုတိုက်ပြီး ဝန်ထမ်းကြိုပို့ယာဉ်ကို ထပ်တိုက်တာ၊ ကားနှစ်စီးကြားက စက်ဘီးပေါ်က လူ သေတယ်၊ ဖယ်ရီပေါ်က လူတွေဒဏ်ရာရတယ်၊ ခုမနက်တော့ တော်တော်များများ ဆေးရုံက ဆင်းကုန်ပါပြီဒဏ်ရာက ပေါက်ပြဲပွန်းပဲ့တွေများပါတယ်” ဟု ရဲအရာရှိက ပြောသည်။

မိတ္ထီလာမြို့ ချည်စက်အကျော် မဟာစည်တိုးချဲ့လမ်းထိပ်တွင် မတ် ၂၈ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ချည်စက်၀န်ထမ်းကြိုပို့ယာဉ်နှင့် Canterကား နှစ်စီးတိုက်မှုဖြစ်ပွါးခဲ့ကြောင်း ၊အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ (Xinhua)