Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်း ယာဉ်တစ်စီး တိမ်းမှောက်ကာ လူ ၄ ဦးသေဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ဟိုက်ဂျက်ယာဉ်တိမ်းမှောက်နေမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-လူမူကယ်ဆယ်ရေး)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြည်-ရန်ကုန် လမ်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ဘုရားဖူးလာသော အဆိုပါ ဟိုက်ဂျက်ယာဉ်သည် မတ် ၂၂ ရက် ညနေပိုင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ အပါအဝင် လူလေးဦး ပွဲချင်းပြီး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း သေဆုံးသူများနှင့် ဒဏ်ရာရလူနာများအား နယ်မြေခံဆေးရုံနှင့် ပြည်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“ဒီရက်ပိုင်း ဘုရားဖူးရာသီတွေစတော့ ကားတွေကို အရှိန်နဲ့ မောင်းကြတယ်၊ ယာဉ်မောင်းတွေအရက်သေစာသောက်ပြီးမောင်းကြတယ်၊ ကားရဲ့ ခံနိုင်ဝန်ထက် ပိုတင်ဆောင်မောင်းတယ်၊ ဒီလိုအကြောင်းတွေကြောင့် ယာဉ်တိုက်မှုတွေ စိပ်လာတယ်”ဟု ပဲခူးတိုင်းဒေသကြီးရှိ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117