ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၀၀ကျော်နှင့် တရားစွဲခံနေရသူ ၄၀၀၀ကျော်အား ယနေ့(အောက်တိုဘာ ၁၈ ရက်)တွင် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း(၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့(အောက်တိုဘာ ၁၅ ရက်)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၁၁၄ ဦး၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်း...
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများအားတရုတ်ယွမ်ငွေကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ အနိုင်ရအဖွဲ့သစ်နှင့် နှစ်နိုင်ငံကြား နိုင်ငံရေးသဘောတူညီချက် လေးရပ်တွင် စည်းမျဉ်းများချမှတ်ရေး စောင့်ကြည့်ရေး၊ အပြန်အလှန် အကျိုးကျေးဇူးရှိပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး မှန်ကန်သော လမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံဆက်ဆံရေး အားကောင်း၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး လုပ်ဆောင်သွားရန်...
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်များအဖြစ် မူလက လက်ဘနွန်နိုင်ငံတွင် စက်တင်ဘာ လ ၁၇ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ဘနွန်အသင်း နုတ်ထွက်သွားသည့် အတွက် အောက်တိုဘာ ၁၈ ရက်တွင် ကာဂျစ်စတန်နိုင်ငံတွင် ခြေစစ်ပွဲသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယကမ်းခြေ ကိုဝင်ရောက်ပြီး ကုန်းတွင်းဖြတ်ကျော်လျက်ရှိသော အားကောင်းသောမုန်တိုင်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃...
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၇ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လူဦးရေ ၂ ဒသမ ၆ သန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီဖြစ်ကြောင်း နှင့် တစ်ချိန်တည်းမှာပင် လူဦးရေ ၂ ဒသမ ၁ သန်းကျော်မှာ...
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် မြို့နယ်တချို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလတွင် မြစ်ရေကြီးခြင်းအန္တရာယ်အား ဆက်လက်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၂ ရက်တွင်ပြောသည်။
ထျန်းကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းခြင်းနှင့် မြို့ပြအရေးပေါ်အခြေအနေများ စောင့်ကြည့်ခြင်းအတွက် အချက်အလက်စုစည်းရန် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် ဂြိုဟ်တု ၃၆ လုံးစုစည်းမှု တည်ဆောက်ရေးစီမံကိန်းတစ်ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။