Connect with us

Politics, Law & Military

ကျွဲ နွား စားကျက်မြေများ ပြန်လည်ဖော်ထုတ်ပေးမည်

ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးတင်မြင့် ဖြေကြားနေစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

မိမိပိုင် လယ်မြေတွင် ဖြစ်စေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတွင်ဖြစ်စေ

လယ်ယာမြေကို အခြား နည်းဖြင့် အသုံးချခွင့် ရရှိပြီးပါက စားကျက်မြေများ

ပြန်လည်ဖော်ထုတ်ခြင်း၊ စားကျက်မြေအပေါ် တွက်ခြေကိုက်သော နေဗီယာမြက်

စိုက်ပျိုးခြင်းတို့ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု

အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ယနေ့ ပြည်သူ့

လွှတ်တော် အစည်း အဝေး၌ ပြောကြားခဲ့သည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားးလှယ် ဦးခင်ချို၏

ကျေးလက်နေ တောင်သူ များ ဘ၀ တိုးတက်မြင့်မားရေးဆိုင်ရာ မေးခွန်းအပေါ်

ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ ခြင်းဖြစ်သည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားးလှယ် ဦးခင်ချိုကမီဒီယာသို့ ဖြေကြားစဉ်။

“သက်ဆိုင်ရာ ကျေးရွာအုပ်စု မြို့နယ် ခရိုင်များက ဥပဒေနှင့်အညီ အခြားနည်း

အသုံးပြုခွင့်ရရှိပြီး အဆိုပြု တင်ပြလာပါက စိုက်ပျိုးမြေများနှင့်

ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများ၊ သဘာ၀ ပတ်ဝန်းကျင်များကို

မထိခိုက်စေဘဲ ကျွဲနွား နှင့် အခြား တိရစ္ဆာန်များအတွက် စားသုံးမှု

ဖူလု့စေရန် မြေလိုအပ်သည့်ပမာဏကို စနစ်တကျ တွက်ချက်ပြီး

လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ာကီးဌာန

ပြည်ထောင်စုဝန်ကြီးထ့ တင်ပြ ခွင့်ပြုချက်ရယူပြီး စားကျက်မြေများ အဖြစ်

ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

နိုင်ငံခြားသို့ ကျွဲနွား အရှင်တင်ပို့မှုများအရ တောင်သူတို့

ဝင်ငွေတိုးသော်လည်း ကျွဲနွားများ လျော့ နည်းလာပြီး အသားရှားပါးမှု၊

ဈေးနှုန်း ကြီးမြင့်လာမှု၊ ပြည်သူများ စားသုံးမှု လိုအပ်ချက် ပြည့်ပြည့် ၀၀

ဖြည့်ဆည်းနိုင်၇န် ခက်ခဲလာမှုများအား ကြိုတင်ကာကွယ်ရေး၊ နိုင်ငံ၏

မွေးမြူရေး ကဏ္ဍ တိုးတက်လာရေးတို့အတွက် တောင်သူများ၏ နွားမများကို

မေထုန်မဲ့ သားစပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးရွာများတွင် သဘာဝ

သားစပ်လုပ်ငန်းများ စနစ်တကျဖြစ်အောင် စောင့်ရှောက်မှုပေးခြင်း၊

အသိပညာပေးခြင်း၊ ကူးစက်ရောဂါကြောင့် ကျွဲနွားများ မဆုံးရှုံးစေရန်

ကာကွယ်ဆေးထိုး လုပ်ငန်းများကို စီမံချက်များ ချမှတ် ဆောင်ရွက်ပေးခြင်း၊

မြစိမ်းရောင် စီအမံကိန်းကဲ့သို့ သော ထောက်ပံ့ငွေ အစီအဏသစ်များကို

သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း၊ တောင်သူများအား

စိုက်ပျိုးရေး မွေးမြူရေဒး ဆိုင်ရာ သင်တန်းများ ပေးခြင်း၊ စိုက်ပျိုးရေး

မွေးမြူရေး စရိတ်များ ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်လျက်

ရှိကြောင်း၊ စရိတ် ချေးငွေများ ပိုမို ထုတ်ချေးပေးနိုင်သည်နှင့်အမျှ

စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ ထုတ်လုပ် နိုင်လာပြီး

နိုင်ငံတော်၏ GDP တိုးတက်လာစေမည်ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြော

ကြားခဲ့သည်။

“လက်ရှိမှာ စားကျက်မြေ မရှိတာကြောင့် စိုက်ခင်းတွေထဲကို ကျွဲနွားတွေ

ဝင်စားတဲ့အတွက် တောင်သူအချင်းချင်း ပြသနာဖြစ်ကြလို့ ကျွဲနွား

မွေးမြူရေးကို မလုပ်ကြတော့ဘူး၊ နိုင်ငံခြားကို လည်း ကျွဲနွားတွေ ပို့နေတော့ ကျွဲနွားက ပိုလျော့နည်းလာပြီ၊ ဒါကြောင့် စားကျက်မြေတွေ ပြန်

ဖော်ထုတ်ဖို့ စားကျက်မြေထဲမှာ တွက်ခြေကိုက်တဲ့ နေဗီယာမြက်တွေ

စိုက်ပျိုးနိုင်ဖို့ လိုအပ် လာတာပါ” ဟု လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့

လွှတ်တော် ကိုယ်စားးလှယ် ဦးခင်ချိုက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်က စားကျက်မြေ ဧကပေါင်း ၈၆၆၈၈၂ ဒသမ ၀၅ ဧက

ရှိသည့်အနက် ၁၃၅၈၃၆ဒသမ ၅၇ ဧကတို့ကို ပယ်ဖျက်ခဲ့ကြောင်း၊

ကမ်းပါးပြိုမှုကြောင့် ၁၀၅ ဧကခန့် ထပ်လျော့သွား သဖြင့် စားကျက် မြေဧက

၇၃၀၀၀၀ ကျော် ကျန်၇ှိနိုင်သည်ဟု ၂၀၁၈ ခုနှစ် မတ်လတွင် ပြည် ထဲရေး

ဝန်ကြီးဌာနက မိမိထံ စာဖြင့် ပြောကားခဲ့ကြောင်း၊ သို့ရာတွင်

စားကျက်မြေမှာ စာရင်း အရသာ ရှိနေပြီး မြေပြင်၌ အမှန် မရှိတော့သည်ကို

လေ့လာ သိရှိရကြောင်းလည်း လှိုင်းဘွဲ့ အမတ် ဦးခင်ချိုက မီဒီယာသို့

ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.