Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၆၈၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက် ၁၈း၃၀ နာရီ တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ မန်ကောင်း-လွယ်ဂျယ်ကားလမ်း၌ လွယ်ဂျယ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မန်ကောင်းမှ လွယ်ဂျယ်သို့ မူဆယ်မြို့၊ ဖာဖိတ်ကျေးရွာနေ လွှမ်းဝေ(ခ)ဆိုင်းနော်(၂၂)နှစ် မောင်းနှင်သည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ဒက်ရှ်ဘုတ်အောက် အံဝှက်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူစုစုပေါင်းအလေးချိန် ၈၅၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၄ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လွယ်ဂျယ်နယ်မြေရဲစခန်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.