Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုရှိ

လှိုင်သာယာမြို့နယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသည့် ပြည်သူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အစိုးရသစ်လက်ထက်တွင် ပထဆုံးအကြိမ် ကျင်းပသည့် ၂၀၁၇ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာရှိကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် လျှို့ဝှက်စွာ မဲပေးနိုင်ကြောင်း မဲဆန္ဒရှင် ပြည်သူတချို့ နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့ ကို မေးမြန်းချက်အရ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (Union Solidarity and Development Paty) မှချောင်းဆုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက “ရွေးကောက်ပွဲက ထင်သာမြင်သာရှိတယ်။ ပွင့်လင်းမြင်သာရှိတယ်။ ကြိုတင်မဲကို အခုရွေးကောက်ပွဲမှာ ငြိမ်အောင်ထိန်းနိုင်ခဲ့တယ်။ မဲပြားတွေထုတ်ပေးတဲ့ နေရာမှာ မြန်လာတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။အလုံမြို့နယ် တွင်မဲရုံတွင် ကိုယ်တိုင်သွား၍ မဲပေးခဲ့သည့် ဒေါ်မြင့်မြင့်သန်း က “ နိုင်ငံ အတွက် အမတို့ကြိုက်တဲ့သူကို ရွေးရတာလေ။မဲစာရင်းမှာ ဖြည့်ခွင့်ရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ဝမ်းသာပါတယ်။မြို့နယ် အတွက် အထောက်အကူပြုမယ်လို့ယူဆလို့ရွေးချယ်ခဲ့တာပါ။

ကြည့်မြင်တိုင်မြို့နယ်တွင် မဲပေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

မဲပေးခဲ့ရတဲ့ အခြေအနေက ထင်သာမြင်သာပါပဲ။မဲပေးတာမှာ အဆင်ပြေအောင် လုပ်ပေးတဲ့ အတွက် ထင်သာမြင်သာ ရှိပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။တချို့မဲရုံများတွင် နံနက် ၆ နာရီလောက်မှ စတင်၍ မဲပေးခဲ့ကြကြောင်းသိရသည်။ ယနေ့တွင် အလုပ်ဖွင့်ရက် ဖြစ်သည့်အတွက် အလုပ်မအားလပ် သူများအနေဖြင့် ကြိုတင်မဲများ ပေးသူများလည်းရှိကြောင်း သိရသည်။ ပြည်ပရောက်နိုင်ငံသားများ အနေဖြင့်လည်း သံရုံးများတွင် ကြိုတင်မဲများ ပေးခဲ့ကြကြောင်း သိရသည်။ လစ်လပ်မဲဆန္ဒနယ်များအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၃၅ ဦး အနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြပြီးဖြစ်ကြောင်း ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။

မဲပေးပြီးနောက် လက်သန်းတွင် မှင်သုတ်၍ အမှတ်အသားပြုလုပ်နေစဉ် (ဆင်ဟွာ)

မှင်သုတ်ပြီးသည့် မဲဆန္ဒရှင်ပြည်သူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

မဲပေးရန် မဲရုံတစ်ရုံတွင် မဲစာရင်းကြည့်နေသည့် ပြည်သူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(National League for Democracy) မှ လှိုင်သာယာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက “ရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုရှိတယ်။ လွတ်လပ်စွာ မဲပေးနိုင်ခွင့်ရှိတယ်။ ကြိုတင်မဲ ပြသနာမရှိဘူး။ ကျွန်တော်တို့လှိုင်သာယာ ၁၉ ရပ်ကွက်မှာတော့ နှစ်ကြိမ်မဲပေးတဲ့ ကိစ္စတစ်ခုတော့ ရှိခဲ့တယ်’’ ဟုဆင်ဟွာကိုပြောသည်။ယခုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ့သည် စနေနေ့ ဖြစ်သည့်အတွက် အချို့မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ရုံးတက်ရသည့် အတွက် မဲရုံမသွားနိုင်သည့် သူများလည်းရှိကြောင်းသိရသည်။အမျိုးသားဒီမိုကရေစီအင်အားစု(National Democratic Force) ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်က “ကြားဖြတ်ရွေးကောက်ပွဲက မဲပေးသူတွေ အနေနဲ့ ထင်သာမြင်သာရှိခဲ့တယ်။ မဲရုံလေ့လာသူတွေလည်းလာရောက်လေ့လာခဲ့ကြတယ်။

မဲရုံတစ်ခုအတွင်းရှိမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

သံတမန်တွေလည်း မဲရုံကို လာရောက်လေ့လာကြတာ ရှိပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲသည် စုစုပေါင်း လစ်လပ်သော မဲဆန္ဒနယ်နေရာ (၁၉) နေရာအတွက် တိုင်းဒေသကြီး/ပြည်နယ် ၈ ခု၏ ၂၂ မြို့ နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။ ကိုယ်တိုင်သွားရောက် မဲပေးခဲ့သူအများစုသည် မိမိတို့ ရပ်ကွက်၊ မြို့နယ်အတွက် သေချာလုပ်ပေး နိုင်မည်ဟု ထင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ မဲပေးခဲ့ကြောင်း သိရသည်။

ကြည့်မြင့်တိုင် မြို့နယ် မကျည်းတန်း မြောက်အရှေ့ရပ်ကွက် မှ ဒေါ်မြင့်မြင့်ဦး က “မဲထည့်တာကတော့ ပြည်သူတွေ အတွက် ၊ ဒီမြို့နယ် အတွက် အလုပ်လုပ်နိုင်မယ့် လူကို လိုချင်ပါတယ်။မဲထည့်တဲ့ အခြေအနေလဲ အကုန် ကောင်းပါတယ်။အဆင်ပြေပါတယ်။လုပ်ပေးတဲ့သူတွေကလဲ အဆင်ပြေအောင် အားလုံး လုပ်ပေးကြပါတယ်။အားလုံး ပွင့်လင်း မြင်သာမှု ရှိပါတယ်။မဲထည့်ရတာလဲ အဆင်ပြေတယ်။ထင်သာမြင်သာလဲ ရှိပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။ယခု ကျင်းပသည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနိုင်သည့် ဦးရေမှာမဲဆန္ဒရှင်ဦးရေမှာ အရေအတွက်အားဖြင့် ၂,၀၁၄,၈၈၃ ဦး ရှိသည်။ နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးလိုသည့် မဲဆန္ဒရှင်များ အနက် သတ်မှတ်ချက် နှင့် ကိုက်ညီသူ ၃၃၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)