Connect with us

Politics, Law & Military

တာချီလိတ်ခရိုင်တွင် ငွေကျပ်သိန်း တစ်ထောင်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးအား မူးယစ်ဆေးဝါးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ တပ်စခန်းရှေ့၌ ငွေကျပ်သိန်းတစ်ထောင် ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၃၁ ရက်၊ ည ၉ နာရီခန့်က ကျိုင်းလပ်မြို့၊ နမ့်ကိုင်းကျေးရွာရှိ တပ်စခန်းရှေ့တွင် အမှတ်(၃၁၆)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး အောင်ရဲကျော် ဦးစီးသော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် တာလေမြို့ဘက်မှ ကျိုင်းလပ်မြို့ဘက်သို့ ကျော်ဇေယျ မောင်နှင်ပြီး၊ နောက်မှ ဦးကျကော လိုက်ပါလာသည့် Wave-125 HONDA အမျိုးအစား မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်ဖြင့် ထည့် ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၄၀၀၀၀)ပြား တန်ဖိုးငွေကျပ်သိန်းတစ်ထောင် ခန့် အား ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျော်ဇေယျ နှင့် ဦးကျကော တို့နှစ်ဦးအား မိုင်းပါလျှိုးနယ် မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.