Politics, Law & Military
စားနပ်ရိက္ခာဖူလုံရန် ငါးလုပ်ငန်း ရေရှည် ဖွံ့ဖြိုးဖို့ အရေးကြီး
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ)
စားနပ်ရိက္ခာဖူလုံရေးအတွက် ငါးလုပ်ငန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန် အရေးကြီးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောကြားသည်။
“ငါးလုပ်ငန်းဟာ နိုင်ငံရဲ့ လူမှုစီးပွားကဏ္ဍမှာ အရေးာကီးတဲ့ ကဏ္ဍ ဖြစ်ပါတယ်၊ လက်ရှိမှာ ငါးထုတ်လုပ် မှုဟာ အကန့့်အသတ်ရှိနေတဲ့အတွက် ပြည်တွင်း ပြည်ပ အဖွဲ့များနဲ့ ပူးပေါင်းပြီး ထုတ်လုပ်မှု တိုးမြှင့် ဖို့ လိုအပ်နေပါတယ်၊ ငါးလုပ်ငန်း ရေရှည် တည်တံ့မှုကို အခြေခံပြီး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ညွှန်ကြားရေးမှုးချုပ်က ပြောခဲ့သည်။
နေပြည်တော် Kempinski Hotel တွင် ယနေ့ ပြုလုပ်ခဲ့သော အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူမှု ရေရှည် ဖွံ့ဖြိုးရေး ပြည်လုံးကျွတ် အကြံပြုချက် ရယူသည့် အပြီးသတ် ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် (NADA:_ National Aquaculture Development Plan) မရှိသေးကြောင်း၊ ရေသတ္တဝါမွေးမြူရေး ကဏ္ဍသည် လူမှုဘ) လုံခြုံမှု၊ ဝင်ငွေနှင့် အစာ အာဟာရ ထောက်ပံံမှုများ ဖန်တီးပေးနိုင်ပြီး စီးပွားရေး အရ အရေးပါသောကြောင့် အမျိုးသား အဆင့်အထိ ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရေသတ္တဝါ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (MYSAP:_ Myanmar Sustainable Aquaculture Programme) က အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် (NADA) ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ MYSAP က မြန်မာ့ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့(CESD) နှင့် ပူးပေါင်းပြီး NADA မူကြမ်း ပေါ်ပေါက်လာရေးအတွက် ပြည်လုံးကျွတ် ဆွေးနွေးပွဲ ကျင်းရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့ သည်။
မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့မှ ဒေါက်တာ ဇော်ဦး ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)
GIZ အကြံပေး ဒေါ်သက်စုလှိုင်က အစီအစဉ်များ ရှင်းလင်းတင်ပြစဉ်။(ဆင်ဟွာ)
မြန်မာ့ရေသတ္တဝါ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (MYSAP) ကိုဥရောပ သမဂ္ဂနှင့် ဂျာမနီနိုင်ငံတို့က ပူးတွဲ ငွေကြေး ထောက်ပံ့ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌနနှင့် GIZ တို့က ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် ရေသတ္တဝါ မွေးမြူရေး ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၅ ခုတို့တွင် ငါးကန် ဧက ၄၉၁၃၄၆ ရှိပြီး တစ်နိုင်ငံလုံး စပါးစိုက်ဧက (၁၇၆၉၅၅၂၅ ဧက)၏ ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင် မှလွဲ၍ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ငါးကန်များ ချဲ့ထွင်ရန် အခွင့်အလမ်းများစွာ ကျန်ရှိနေသေး ကြောင်း မြန်မာ့ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့(CESD)မှ ဒေါက်တာ ဇော်ဦးက ရှင်းလင်း တင်ပြခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရေလုပ်ငန်းကဏ္ဍမှ အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိက အသင်း အဖွဲ့များ တက်ရောက်ခဲ့ကြပြီး NADA ၏ မဏ္ဍိုင် လေးရပ် ဖြစ်သော လူမှုရေးရာ၊ စီးပွားရေးရာ၊ ပတ်ဝန်းကျင် ဂဟဗေဒနှင့် အဖွဲ့အစည်းလိုက် ပူးပေါင်း ဆောင်ရွက်မှု စသည်တို့ကို ဆွေးနွေးကြ မည်ဟု သိရသည်။(Xinhua)