Connect with us

Politics, Law & Military

တာဝန်လွှဲ ပြောင်းရန် လပိုင်း အလိုတွင် ဥပဒေ နှင့် မညီသည့် ကိစ္စများ ပေါ်ပေါက်မလာရန် လိုကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

စီမံကိန်းကော်မရှင် အစည်း အဝေး(၂/၂၀၁၅) အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ အနေဖြင့် တာဝန်လွှဲ ပြောင်းရန် အတွက် လပိုင်းမျှသာ လိုတော့သည့် အတွက် မြေ၊ အဆောက် အဦး၊ ငွေကြေး၊ ယာဉ်များနှင့်ပတ်သက်ပြီး တရားမဝင် ဆောင်ရွက်မှုများ မပြုရန် နိုင်ငံတော် သမ္မတက ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်နှင့် နောင်တွင် ဥပဒေ နှင့် မညီသည့် ကိစ္စများ ပေါ်ပေါက်မလာရန် လိုကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကော်မရှင် အစည်း အဝေး(၂/၂၀၁၅)တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခု အစိုးရတာဝန်ယူချိန်တွင် နိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ခဲ့ကြောင်း ၊ နိုင်ငံတွင် တိုးတက်သင့်သလောက် တိုးတက်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ရန် များလည်းကျန်ရှိနေသေးကြောင်း၊ မိမိတို့ကတိပြုထားသည့်အတိုင်း လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးဖြစ် ကာ ရွေးကောက်ပွဲမှပေါ်ထွက်လာသည့် အစိုးရအဖွဲ့ ကိုလည်း ညင်သာ ချောမွေ့စွာ၊ ကောင်းမွန်မှန်ကန်စွာ တာဝန်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထိုမှသာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်သည် အစ ၊ အလယ် ၊ အဆုံး ကောင်းမွန်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ (Xinhua)