Connect with us

Politics, Law & Military

ရန်ကုန်တွင် သုံးရက်အတွင်း ဆိုင်ကယ်အစီး ၁၅၀ ကျော်ဖမ်းမိ

ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း မော်တော်ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ လုယက်မှုများကြောင့် ဆိုင်ကယ်များကို အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ သုံးရက်အတွင်း ဆိုင်ကယ်အစီး ၁၅၀ ကျော် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ဆိုင်ကယ်များ စီးနင်းကာ အများပြည်သူများ၏ လက်ကိုင်အိတ်၊ ဖုန်းများကို လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်မှုများကြောင့် အထူးစီမံချက်ဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ဖမ်းဆီးရာ ပထမနေ့၌ ၇၄မှု၊ ဒုတိယနေ့၌ ၄၄ မှု နှင့် တတိယနေ့ ၃၉ မှု ဖမ်းဆီးရရှိခဲ့သည်။

မြို့နယ် ၁၆ ခုအတွင်း ဆိုင်ကယ်ဖမ်းဆီးရာ လှိုင်သာယာ မြို့နယ်တွင် အစီးရေ ၂၆ စီး ဖမ်းဆီးရရှိပြီး ဒုတိယအများဆုံးအဖြစ် တောင်ဥက္ကလာပ၊ သာကေတ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် မြောက်ဥက္ကလာပတို့တွင် ဖမ်းမိခဲ့ကြောင်း အဆိုပါ ဆိုင်ကယ်မောင်းနှင်သူများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၅၈(က)/၆၂ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.