Connect with us

Politics, Law & Military

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ များအတွက် အာဏာ ခွဲဝေခြင်း ၊ သယံဇာတ ခွဲဝေခြင်းနှင့် အခွန်အခ ခွဲဝေခြင်း ပြင်ဆင်ချက် အဆို လွှတ်တော်တွင် အနိုင်ရ

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ) ဆိုင်ရာ ပြင်ဆင်ချက်များအား လွှတ်တော် ကိုယ်စားလှယ်များမှ ဆန္ဒမဲ ပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ) တွင် အကျူံးဝင်သည့် ဇယား ၂ နှင့် ၅ တို့နှင့် စပ်လျဉ်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ များအတွက် အာဏာခွဲဝေခြင်း ၊ သယံဇာတခွဲဝေခြင်း နှင့် အခွန်အခ ခွဲဝေခြင်းနှင့့် ပတ်သက်၍ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်သည့် အခါ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းနှင့် အထက် ကျော်သည့် အတွက် အဆိုပါ အချက်များ အား ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု လိုက်သည်။

ကျားဖြူပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “ ဒီနေ့ တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အာဏာ ခွဲဝေရေးနဲ့ သယံဇာတ ခွဲဝေရေး တွေကိုတော့ ဒီနေ့ မဲခွဲတော့ အနိုင်ရလိုက်တယ်။ တိုင်းဒေသကြီး ပြည်နယ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ သူ့တိုင်းနဲ့ ပြည်နယ်အလိုက် ဥပဒေပြုခွင့် ရှိတယ် ဆိုတာကလည်း နိုင်သွားတယ်’’ ဟုပြောသည်။

ဥပဒေပြုခွင့်တို့၊ အာဏာခွဲဝေရေး ၊သံယံဇာတ ခွဲဝေရေးတွေမှာ ပြည်ထောင်စု အစိုးရက ပြဌာန်းသည့် ဥပဒေ နှင့် အညီဆိုတဲ့ အချက် တစ်ချက်ပါကြောင်း ၊ အဆိုပါ အချက်နှင့် အညီ တိုင်းဒေသကြီး ပြည်နယ်တွေမှ လုပ်ပိုင်ခွင့် ရမှာဖြစ်ကြောင်း ဆိုသည်။

ယနေ့ မဲခွဲ ဆုံးဖြတ်ကြသည့် အထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်အား ရွေးချယ်ခွင့် နှင့် ပတ်သက်သည့် အချက်သည် ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် ရှုံးသွားခဲ့သည်။ ၎င်း ပြင်ဆင်ချက် ရှုံးသွားသည့် အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်တို့အား နဂိုမူလအတိုင်း သမ္မတမှ တိုက်ရိုက် ခန့်အပ်ရမည် ဖြစ်သည်။

ခုံရုံးဥက္ကဌကို လွှတ်တော် ဥက္ကဌ ၂ ဦး၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရမည်ဆိုသည့် ပြင်ဆင်ချက်အဆို၊ တရားသူကြီးချုပ်အား လွှတ်တော်မှ ရွေးချယ်ရမည်ဆိုသည့် ပြင်ဆင်ချက် အဆိုများလည်း ရှုံးနိမ့်သွားသည့် အတွက် မူလအတိုင်း သမ္မတမှ တိုက်ရိုက်ခန့်အပ် ရမည်ဖြစ်သည်။

ဦးရဲထွန်းက “ ဒီနေ့ မဲခွဲတဲ့ ရလဒ်ကို တိုင်းရင်းသား ပါတီက လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျေနပ်မိပါတယ်။ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တဲ့ အချက်ကို မပြင်နိုင်တာကလည်း သိပ်စိုးရိမ်စရာ မရှိပါဘူး။ တိုင်းရင်းသား ပါတီတွေ အနေနဲ့ ကိုယ့်ပြည်နယ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ အထက်နိုင်ရင် အများစု နိုင်တဲ့ပါတီနဲ့ သမ္မတက တိုင်ပင်ပြီးမှ ဝန်ကြီးချုပ်ကို ပြန်ရွေးတော့ တိုင်းရင်းသား ပါတီတွေက နေရာ အများစုနိုင်ရင် စိုးရိမ်စရာမရှိဘူး’’ ဟုပြောသည်။

ပုဒ်မ ၄၃၆(ခ) တွင် အကျူံးဝင်သည့် ပြင်ဆင်ချက်များအား အပိုင်း ၂ ပိုင်းခွဲ၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် ဇယား ၂ နှင့် ၅ ပါ အပိုဒ် အပိုဒ်ခွဲများ အတွက် အပိုင်း (၂) တွင် ပြင်ဆင်ချက် ၅၄ ချက်ပါရှိပြီး၊ အဆိုပါ ပြင်ဆင်ချက်များ အားလုံး မဲခွဲသည့်အခါ ၇၅ ရာခိုင်နှုန်း ကျော်သည့် အတွက် ပြင်ဆင်ချက် အတည်ဖြစ်ကြောင်း လွှတ်တော်မှ ဆုံးဖြတ်သည်။

အပိုင်း(၁) တွင်တော့ ပြင်ဆင်ချက် ၂၁ ချက်ရှိပြီး မဲခွဲသည့်အခါ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလ ဥပဒေ အတည်ဖြစ်ကြောင်း လွှတ်တော်မှ ဆုံးဖြတ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.