Connect with us

Politics, Law & Military

သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့များ စတင် မဲဆွယ်စည်းရုံးနိုင်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများ အား အာဆီယံ အစည်းအဝေး၌ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် သမ္မတ၊ ဒုတိယ သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ဇူလိုင်လ ၈ ရက်နေ့မှ စတင်ပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများ တရားဝင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်သည်။

ပြည်ထောင်စု အဆင့်များကို မဲဆွယ် စည်းရုံးခွင့် ပြုထားသော်လည်း လွှတ်တော်ကိုယ်စား လှယ်လောင်းများ အတွက် မဲဆွယ်စည်းရုံးခွင့်သည် ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးမှသာ ကော်မရှင်က ထုတ်ပြန်ပေးမည် ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့များအပြင် ရွေးကောက်ပွဲ၌ ဝင်ရောက် ရွေးချယ်ခံမည့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စသည့် ပုဂ္ဂိုလ်များလည်း ပါတီ စည်းရုံးရေးလုပ်ငန်းများ စတင် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်မည့် နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၈ ရက်နေ့ထိ သတ်မှတ်ပေးထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံး နေ့ရက်မှာ သြဂုတ်လ ၁၁ ရက် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်ကို သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။ (Xinhua)