Connect with us

Politics, Law & Military

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများ အတွက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ ဇူလိုင်လ ၂၀ ရက် စတင် တင်သွင်းနိုင်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူများ မဲ ထည့်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများတွင် လွှတ်တော် အသီးသီးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း ၊ စိစစ်ခြင်း ၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်မည့် နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၈ ရက်နေ့ထိ သတ်မှတ်ပေးထားသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၁၁ ရက် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်ကို သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည်။

၂၀၁၅ ခုနှစ် လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပူးတွဲ ထုတ်ပြန် ကြေညာလိုက်သည်။

ယခုအချိန်တွင် နိုင်ငံရေး ပါတီ အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတည်ပြု ရွေးချယ်ခြင်းများ ပြုလုပ်နေသကဲ့သို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင် ၊ မပြိုင်ကို ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.