Connect with us

Media

အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလ ၆ လ ထပ်တိုး

နေပြည်တော်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်မှ စ၍ နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ထပ်မံ အပ်နှံခဲ့ကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ကာ/လုံ အစည်းအဝေးကို ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ၉ ယောက် နှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) ၏ လုပ်ပိုင်ခွင့်အရ လည်းကောင်း ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်အာဏာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ထပ်မံ လွှဲပြောင်းပေးအပ်လိုက်သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117