Politics, Law & Military
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ မေလ ၉ ရက်( ဆင်ဟွာ)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကျောက်ခဲ့ကျစ် က ပထမဦးစွာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်အား မင်္ဂလာနှုတ်ခွန်းဆက်သလိုက်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးပုံစံသစ် ဖြင့် လူသားတို့၏ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း တည်ဆောက်နေခြင်းဖြစ်ရာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုကျယ်ပြန့်သည့် အနာဂတ် အလားလာကောင်းများ ရှိလာပြီဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံကောင်းများဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန်အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံနှင့် အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏အရေးကြီးသည့်သဘောတူလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစြင်္ကန်တည်ဆောက်မှုကို အတူတွန်းအားပေးဆောင်ရွက်သွားကာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍအသီးသီး၏ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားပြီး တရုတ်-မြန်မာဘက်ပေါင်းစုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်လိုကြောင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိကကျသည့် အခန်းကဏ္ဍဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ မူးယစ်ဆေးတားမြစ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဆက်သွယ်ရေးနည်းပညာဖြင့်လိမ်လည်မှုများအားတိုက်ဖျက်ရေးစသည့်ကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားပြီး နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတည်ငြိမ်လုံခြုံရေးကို အတူဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
သမ္မတ ဦးဝင်းမြင့်ကလည်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန်တို့အား မင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားပေးပါရန်နှင့် ဆုတောင်းမေတ္တာပို့သလိုက်ကြောင်း ပြောကြား ခဲ့ပါသည်။ဆက်လက်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ကူညီထောက်ခံအားပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးမှာ ခိုင်မာနက်ရှိုင်းကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုဆိုင်ရာစီမံကိန်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများတွင် အပြုသဘောဆောင်သည့် အောင်မြင်မှုများရရှိကာ နှစ်နိုင်ငံပြည်သူအတွက် အကျိုးပိုမိုဖြစ်ထွန်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဝေ၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး၊ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ရန်ကျွင့်ဟောက် တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)