Connect with us

Media

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ အမှုတစ်ချို့အား ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေး

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် (ဟောင်း) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုတစ်ချို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ယနေ့( သြဂုတ် ၁ ရက်) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သောအမိန့်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂ဝ၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျ ခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်မှ ၆ နှစ်လျှော့ခဲ့ပြီး သမ္မတဟောင်းဦးဝင်းမြင့်သည် ပြစ်ဒဏ်မှ ၄ နှစ်လျှော့သွားကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ (Xinhua)

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.