Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျက်စိ ခွဲစိတ် ကုသမှု အောင်မြင်
ရန်ကုန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိ ခွဲစိတ် ကုသမှုမှာ အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ယနေ့ဧပြီလ ၉ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
“မျက်စိ ခွဲစိတ်တဲ့ အခြေအနေက အခု ပြီးသွားပါပြီ။ အောင်မြင်ပါတယ်။ လာမည့် ၁၆ ရက်နေ့မှာလည်း နောက်ထပ် မျက်စိ တစ်ဘက် ထပ်ခွဲဖို့ရှိပါတယ် ”ဟု ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မျက်စိ ခွဲစိတ် ကုသမှု ခံယူခဲ့သည့် နေပြည်တော်ရှိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဧပြီ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရ သီရိမြို့နယ်ရှိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီး၌ မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ (Xinhua)