Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ယခင်ထက် ဖိဖိစီးစီး အလေးထား ဆောင်ရွက် သွားမည်
ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ယခင်ကထက် ဖိဖိစီးစီး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သြဂုတ် ၄ ရက်တွင် ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး နှင့် ပတ်သတ်၍ အနီးကပ် လုံခြုံရေး ၊ အတွင်းစည်း လုံခြုံရေး ၊ အပြင်စည်း လုံခြုံရေး နှင့် လမ်းကြောင်း လုံခြုံရေး ဟူ၍ ၄ မျိုး ရှိကြောင်း ယင်း လုံခြုံရေး ၄ မျိုးကိုလည်း ပို၍ ဆောင်ရွက်ရမည် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူး သတိပြုပြီး ဆောင်ရွက်သွားရန် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောသည်။
အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်နေသော အိုင်အက်စ်(IS)အဖွဲ့မှ မလေးရှား ဝန်ကြီးချုပ် အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများရှိ ထိပ်ပိုင်း ခေါင်းဆောင် တစ်ချို့အား ပစ်မှတ်ထားကြောင်း စာတစ်စောင်ကို မလေးရှား ရဲတပ်ဖွဲ့သို့ယခု သြဂုတ်လဆန်းပိုင်းတွင် ပေးပို့ခဲ့ရာ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နာမည် ပါဝင်ခဲ့သည့် အပေါ် ယခုကဲ့သို့ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)