Connect with us

Politics, Law & Military

ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်များအား ဇူလိုင်လ ၃၁ရက်နေ့ အထိ တစ်နိုင်ငံလုံးရှိ ဟိုတယ်ပေါင်း (၁၃၆၁) လုံး ခွင့်ပြုခဲ့

ဟိုတယ်ခရီး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ဟိုတယ်ခရီး)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်များအား ဇူလိုင်လ ၃၁ရက်နေ့ အထိ တစ်နိုင်ငံလုံးရှိ ဟိုတယ်ပေါင်း (၁၃၆၁) လုံး၊ အခန်းပေါင်း (၅၃,၃၅၅) ခန့်ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နေပြည်တော် (၆၃) လုံး၊ (၅၁၁၁) ခန်း ၊ရန်ကုန် (၃၄၂) လုံး၊ (၁၆၅၅၃) ခန်း ၊ မန္တလေး (၁၇၉) လုံး၊ (၇၂၆၁) ခန်း ၊ပုဂံ/ညောင်ဦး (၈၁) လုံး၊ (၂၇၆၁) ခန်း ၊တောင်ကြီး-အင်းလေး (၁၂၀) လုံး၊ (၃၆၀၀) ခန်း ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ ဟိုတယ် နှင့် အခန်းပေါင်းမှာ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (၂၁၉၆) ခုတွင် နိုင်ငံခြားသားကုမ္ပဏီ (၁) ခု ၊နိုင်ငံခြားသား နှင့် နိုင်ငံသားဖက်စပ် (၄၂) ခု၊ နိုင်ငံသားပိုင် (၂၁၅၃) ခု ခန့် ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် (၉၃၆) ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် (၃၉၄၉) ခု၊
ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် (၂၇၀၅) ခုအားလည်း ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.