Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်မှု ရှုံးနိမ့်ခြင်းကြောင့် ပြည်သူများ စိတ်ဓာတ် မကျရန် ဒေါ်အောင်ဆန်းစုကြည် ဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား ဇွန်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး ယနေ့ မဲခွဲဆုံးဖြတ်မှု ရှုံးနိမ့်ခြင်းအပေါ် ပြည်သူများ စိတ်ဓာတ်မကျရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ အခြေခံ ဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ရလဒ်သည် ထူးထူးခြားခြား မဟုတ်ဘဲ အံသြစရာ မဟုတ်ကြောင်း၊ ပြည်သူများ အနေဖြင့် စိတ်ဓာတ်မကျဘဲ ရှေ့ဆက်ပြီး ဘယ်လို သွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသွားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ မဲခွဲဆုံးဖြတ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများ ပြင်ဆင်ရေး၌ ပြင်ဆင်ရေးကို မထောက်ခံသည့် ကိုယ်စားလှယ်များသည် အပြောင်းအလဲကို မလိုလားသူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြုပြင်ရန် တင်သွင်းသော ဥပဒေကြမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထောက်ခံသော်လည်း ပြုပြင်ပုံ ပြုပြင်နည်းကိုတော့ သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဝင်ပြိုင်ရေး မပြိုင်ရေးသည် ယနေ့ မဲခွဲရာတွင် ရူံးနိမ့်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တစ်ခုထဲပေါ် မူတည်နေခြင်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး သိပ်စဉ်းစားတော့မည် မဟုတ်ကြောင်း ၎င်းကပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဒုတိယ သမ္မတလောင်း လျာထားမှုနှင့် ပတ်သတ်ပြီး “နိုင်ငံရေး ပါတီအနေနဲ့တော့ Plan A, Plan B တော့ရှိရမယ်၊ ချပြတာတော့ ဘယ်တော့ ချပြမလဲဆိုတော့ သင့်တော်တဲ့ အချိန်ကျရင် ချပြမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ပုဒ်မ ၆ ခုကို မဲခွဲ ဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) မှလွဲ၍ ကျန်သည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)၊ ပုဒ်မ ၄၁၈(ခ)နှင့် ပုဒ်မ ၆၀(ဂ)တို့ ပြင်ဆင်ရေး အတွက် ရှုံးနိမ့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.