Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမဲခွဲ ဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) မှ လွဲ၍ ကျန်သည့် ပုဒ်မများ ရှုံးနိမ့်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း မဲပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ပုဒ်မ ၆ ခုကို မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) မှလွဲ၍ ကျန်သည့် ပုဒ်မများ မဲခွဲရာတွင် ရှုံးနိမ့်ခဲ့သည်။

ပုဒ်မ ၅၉ (ဃ) ဖြစ်သည့် နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတများ၏ အရည်အချင်းများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စစ်ရေး အမြင်အစား ၊ ကာကွယ်ရေး အမြင်ရှိရမည် ဆိုသည့် ပုဒ်မ တစ်ခုသာ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ မဲပေးနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

မဲခွဲ ဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) တွင် ထောက်ခံမဲ ၅၅၆ မဲ၊ ပုဒ်မ ၅၉ (စ) တွင် ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၆၀ (ဂ)တွင် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၁၈ (ခ) တွင် ၃၈၆ မဲ ၊ပုဒ်မ ၄၃၆ (က) တွင် ထောက်ခံမဲ ၃၈၈ မဲ၊ ပုဒ်မ ၄၃၆ (ခ) တွင် ထောက်ခံမဲ ၃၈၈ မဲ ရရှိခဲ့သည်။
ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ရန် ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မ ၆ ခု မှာ
-ပုဒ်မ ၅၉ (စ) မိမိသားသမီးမှ နိုင်ငံခြားသားနှင့် လက်ထပ် ထိမ်းမြားယူသည့် စကားရပ်ကို ဖြုတ်သည့် ပြင်ဆင်ချက်
-ပုဒ်မ ၅၉ (ဃ) စစ်ရေး အမြင်အစား ကာကွယ်ရေး အမြင်ရှိရမည် ဆိုသည့် ပြင်ဆင်ချက်
-ပုဒ်မ ၄၃၆ (က) တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်ရန် လက်ခံပြီးနောက်ဆိုသည့် စကားရပ်နေရာတွင် ၇၀ ရာခိုင်နှုန်းအောက် မလျော့သောဟု ပြင်ဆင်ချက်
-ပုဒ်မ ၄၃၆ (ခ) တွင် ပုဒ်မ (က) တွင် ပြဌာန်းချက်များမှ အပ လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည် ဆိုသည့် စကားရပ်နေရာတွင် ၇၀ ရာခိုင်နှုန်းအောက် မလျော့သောဟု ပြင်ဆင်ချက်
-ပုဒ်မ ၄၁၈ (ခ) တွင် တပ်မတော်မှ နိုင်ငံတော် အာဏာကို လွှဲပြောင်းယူသည့် အချိန်မှစ၍ ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချွင်းချက်ပြုပြီး ဆိုသည့် ပြင်ဆင်ချက်
-ပုဒ်မ ၆၀ (ဂ) အရ ဒုသမ္မတ တစ်ဦး ရွေးချယ်သည့် နေရာတွင် ပြည်သူမှ ရွေးချယ်သည့် လွှတ်တော် ကိုယ်စားလှယ် များကိုသာ ရွေးချယ်ရမည်ဟု ပြင်ဆင်ခြင်း အား ဆွေးနွေးပြီးနောက် ဆန္ဒမဲပေးကြခြင်း ဖြစ်သည်။
မဲခွဲ ဆုံးဖြတ်ရာတွင် လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် မဲပေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမဲ ၄၇၅ မဲရရှိမှသာ အနိုင် ရရှိမည်ဖြစ်သည်။
ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကို တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၃၃ ဦး ရှိသည့်အနက် ၅၈၄ ဦး တက်ရောက်ခဲ့ပြီး ၉၂.၂၆ ရာခိုင်နှုန်း တက်ရောက်ခဲ့ကာ လွှတ်တော် ကိုယ်စားလှယ် ၄၉ ယောက် ခွင့်ယူခဲ့ ကြသည်။

လာမည့် အပတ်တွင် ပြည်ထောင်စုလွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျန်ရှိသော အပိုင်း များအား ဆက်လက် ဆွေးနွေးအတည်ပြုမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.